ပြိုင်ဘက်အသင်းတွေ ဂျေဝင်ရအောင် (2024)ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ယူနိုက်တက်

Premier league မှာ အမှတ်ပေးဇယား ရပ်တည်မှုတွေ ကျဆင်းခဲ့ပေမယ့် ယူနိုက်တက် သည် 2024 ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်း အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဆုဖလား အောင်မြင်မှုတွေလည်း ဆက်တိုက်ရယူထားနိုင်တဲ့ real madrid ကိုတောင် ယူနိုက်တက်က ကျော်ဖြတ်ကာ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်း ဖြစ်ခဲ့တာပါ။

ယူနိုက်တက် သည် ferguson မရှိတော့တဲ့နောက် premier league ပြိုင်ပွဲမှာ ချန်ပီယံ ထပ်မဖြစ်တော့သလို ကွင်းတွင်းမှာတည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဘို့. ရုန်းကန်နေရပေမယ့် တာဝန်ရှိသူတွေရဲ့ စီးပွားရေးအကွက်မြင်မှုကြောင့် များပြားလှတဲ့ တန်ကြေးမြင့် sponsar တွေကို ရရှိထားပါတယ်။ များပြားလှတဲ့ တန်ကြေးမြင့် sponsar တွ ရထားသလို INEOS ဘာပါဝင်လာတာကြောင့် ယူနိုက်တက်ရဲ့ ရှယ်ယာတန်ကြေးတွေက ထိုး တက်သွားခဲ့ပြီး မြင့်မားလာတဲ့ ရှယ်ယာတန်ကြေးတွေကြောင့်ဘဲ ယူနိုက်တက်ရဲ့ အသင်းတန်ဖိုးကလည်း တက်လာခဲ့ပါတယ်။

နာမည်ကြီးသတင်းဌာန တခု ဖြစ်တဲ့ the athletic ရဲ့ ဖော်ပြချက်အရယူနိုက်တက် သည် 2024 ခုနှစ်ရဲ့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ဘောလုံးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ တန်ကြေး သည် 6.2 ဘီလီယံ အထိ ရှိနေကြောင်း သိရှိရပါတယ်။ 2024 ခုနှစ်ရဲ့ ဒုတိယမြောက်နဲ့ တတိယမြောက်တန်ဖိုးအရှိဆုံးအသင်းတွေက real madrid နဲ့. barcelona တို့ ဖြစ်ကြပြီး real madrid ရဲ့. တန်ကြေးက 6.06 ဘီလီယံ ရှိပြီး barcelona ကတော့ 5.28 ဘီလီယံ တန်ကြေး ရှိပါတယ်။ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်တန်ဖိုးအရှိဆုံးအသင်းက liverpool ဖြစ်ပြီး liverpool ရဲ့ တန်ကြေးက 5.11 ဘီလီယံ ရှိကာ bayern munich ကတော့ တန်ကြေး 4.8 ဘီလီယံနဲ့ ပဥ္စမမြောက်တန်ကြေးအမြင့်ဆုံး အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *