ဒဏ်ရာများနေတဲ့ ခံစစ်ကြောင်းကို ဖြည့်တင်းဖို့ ဘုန်းမောက်ကြယ်ပွင့်ကို ပြောင်းရွှေ့ကြေး ပေါင်41သန်းနဲ့ ခေါ်ယူလိုက်တဲ့ ယူနိုက်တက်

ယူနိုက်တတ်အသင်းသည် shaw နဲ့. malecia တို့ ဒဏ်ရာကြောင့် 2023/24 ရာသီမှာမပါဝင်နိုင်ခဲ့တဲ့အတွက် ဘယ်နောက်တန်း ကစားသမား သစ် 1 ယောက် ကို ခေါ်ယူနိုင်ဖွယ်ရှိပါတယ် shaw သည် ကြွက်သားပြဿနာများကြောင့် ပြိုင်ပွဲစုံ 15 ပွဲသာကစားနိုင်ခဲ့ပြီး မာလာစီယာကတော့ 2023 ခုနှစ် မေလကတည်းက မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

erik ten hag ကတော့ ဘယ်နောက်တန်း ကစားသမား နေရာမှာ dalot bisaka lindelof နဲ့. amarabat တို့ကိုအစားထိုးဝင်ရောက်ကစားစေခဲ့ပြီး ရာသီသိမ်းခဲ့တာဖြစ်ပါတယ်၊ယူနိုက်တက် အသင်းသည် လက်ရှိမှာ bournemouth အသင်းမှ milos ကို စိတ်ဝင်စားနေကြောင်း romana ကပြောကြားခဲ့ပါတယ် milos သည် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွေ့. စျေးကွက်ကalkmaar ကနေ bournemouth အသင်းဆီ 15.5 သန်းနဲ့ရောက်ရှိလာတဲ့ ကစားသမား ဖြစ်ပါတယ်။

milos ကတော့ လက်ရှိမှာ bournemouth အသင်းရဲ့ဘယ်နောက်တန်း ကစားသမား နေရာမှာ စိတ်ချယုံကြည်ရတဲ့ ကစားသမား 1 ယောက်အဖြစ်ရပ်တည်နေပါတယ် အင်အားကြီး အသင်း တိုင်း စောင့်ကြည့်ရလောက်အောင် ခြေစွမ်းကောင်းပြသထားနိုင်ခဲ့တာကြောင့် ယူနိုက်တက် အသင်း သည်အနီးကပ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ် bournemouth အသင်းဘက်ကတော့ ပြောင်းရွှေ့ကြေးအများအပြားရရှိမှသာရောင်းချဖို့ ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *