ဒီရာသီရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့်ကို ခေါ်ယူနိုင်တော့မယ့် ယူနိုက်တက်

ယူနိုက်တက်အသင်း သည် လာမယ့်နွေရာသီ အပြောင်းအရွေ့ စျေးကွက်မှာ အသင်းတိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ် ကစားသမား 1 ယောက် ကို ထပ်မံ ခေါ်ယူဖြည့်တင်းသွားဘို့. ရှိနေရာ လက်ရှိမှာတော့ brandford တိုက်စစ်ကစားသမား toney. ကိုစိတ်ဝင်အစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်း သည် hojund ကို ခေါ်ယူထားခဲ့ပြီး hojund ကလည်း အသင်းအတွက် ကြိုးစား ကစားပေးသလို ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ကြံခိုင်မှု ပြသာနာတွေရင်ဆိုင်ရပြီး ပွဲတချို့မှာဆိုရင်လည်း ပျောက်ဆုံးနေခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်နည်းပြ erik ten hag သည် လာမယ့်နွေရာသီ အပြောင်းအရွေ့ စျေးကွက်မှာ ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ် ကစားသမား 1 ယောက် ကိုထပ်မံ ခေါ်ယူချင်လာခဲ့ပြီး အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမား ဖြစ်တဲ့ toney. ကို ခေါ်ယူဘို့.ပါ မျက်စိကျလာခဲ့ပါတယ်။

toney. သည် လောင်းကစားမှုတွေကြောင့် (၈)လအထိ ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရပေမယ့်လည်း အခုလို ပွဲပယ်မခံရခင်မှာရော ပွဲပယ်ပြစ်ဒဏ် ပြည့်မြောက်သွားချိန်မှာပါ သူရဲ့အရည်အသွေးကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ proven striker ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို arsenal chelsea tottanhotspur နဲ့့. ယူနိုက်တက် အသင်းတို့. စိတ်ဝင်စားလာခဲ့ပြီး အခုဆိုရင် toney. သည် brandford နဲ့. ၂၀၂၅ခုနှစ်အထိသာစာချုပ်သက်တမ်း ကျန်ရှိနေတော့တာကြောင့် ဒီနွေရာသီ အပြောင်းအရွေ့ စျေးကွက်မှာ cut-price တန်ကြေးနဲ့.ပဲ အသင်းက ထွက်ခွာရနိုင်ပါတယ်။ နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေအရ toney.ရဲ့ ပြောင်းရွှေ့ကြေး သန်း 50 ရှိနိုင်တယ်လို့ ဖော်ပြလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *