သီချင်းတစ်ပုဒ်ကြောင့် လူအထင်သေးတာ ခံနေရတဲ့ ရွှေနန်းထက်

ရွှေနန်းထက်က တက်သစ်စအဆိုတော်ဖြစ်ပြီး အခုနောက်ပိုင်းမှာ cover song တွေသီဆိုပြီးတော့ နာမည်ကြီးလာခဲ့သူပါ။ သူ့ရဲ့သီချင်းလေးတွေကိုလည်း တစ်တော့မှာဆော့တဲ့သူများပါတယ်။ ရွှေနန်းထက်ရဲ့ နာမည်အကြီးဆုံးသီချင်းကတော့ မုန့်ဖိုးပေးမှာလား ဆိုတဲ့သီချင်းဖြစ်ပါတယ်။ အဲဒီသီချင်းက ချစ်သူကောင်လေးဆီကနေ ကေပေးနဲ့ မုန့်ဖိုးတောင်းတဲ့ပုံစံသီဆိုထားတာဖြစ်ပါတယ်။ အဲဒီသီချင်းနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေလည်း များစွာရှိခဲ့ပါတယ်။

▪️မိန်းကလေးတစ်ယောက်က သူ့ရဲ့ချစ်သူကောင်လေးထံက‌နေ မုန့်ဖိုးတောင်းတဲ့သီချင်းဖြစ်တာကြောင့် ကေတီဗီသီချင်းဆိုပြီး ကဲ့ရဲ့ခဲ့ကြပါတယ်။ အချို့ကလည်း တစ်ရာဖိုးသုံးပုဒ်သီချင်းအဖြစ် ကဲ့ရဲ့တဲ့သူတွေလည်းရှိပါတယ်။ ဒီသီချင်းကို အချို့သောမိဘတွေကတော့ သူတို့သားသမီးတွေ အတုယူမှားမှာစိုးရိမ်တာကြောင့် နားမထောင်စေချင်ကြပါဘူး။

▪️သီချင်းရေးတဲ့သူရော ဆိုတဲ့သူရောကို ဝေဖန်ထားခဲ့ကြပြီး ဒီလိုသီချင်းက မရှိသင့်ဘူးဆိုတဲ့အထိ ပြောလာခဲ့ကြပါတယ်။ ဒါပေမယ့် ရွှေနန်းထက်ကတော့ မုန့်ဖိုးပေးမှာလားဆိုတဲ့သီချင်းက ရိုးရိုးလေးဖြစ်တာကြောင့် ပရိသတ်ကြီးကို ဆန်းဆန်းပြားပြားမတွေးစေချင်ဘူးလို့ ဆိုပါတယ်။ ရွှေနန်းထက်ရဲ့သီချင်းတွေကို တစ်ရာဖိုးသုံးပုဒ်သီချင်းတွေအဖြစ် ကဲ့ရဲ့သူတွေကိုလည်း တစ်ရာဖိုးသုံးပုဒ်မှန်ပေမယ့်လည်း သိန်းတစ်ရာဖိုး သုံးပုဒ်သီချင်းဖြစ်တယ်ဆိုပြီးတော့ ချေပထားခဲ့ပါတယ်။

▪️ရွှေနန်းထက်က cover song တွေနဲ့ နာမည်ကြီးလာသူဖြစ်လို့ သူ့ကို အထင်မကြီးတဲ့သူတွေလည်းအများကြီးရှိပါတယ်။ ရွှေနန်းထက်က မုန့်ဖိုးပေးပါလားသီချင်းမပေါက်ခင်ကတည်းက “နေရာတကာဆရာကြီး” ဆိုတဲ့သီချင်းနဲ့ နာမည်ကြီးပြီးသားဖြစ်လို့ သူ့ကို cover song သီဆိုသူလို့ ပြောရင် သဘောမကျပါဘူး။ နေရာတကာဆရာကြီးသီချင်းကလည်း cover အဖြစ် အောင်မြင်ပြီးမှ ဝယ်ပြီးသီဆိုခဲ့တာပါ။

▪️ရွှေနန်းထက်ကိုတော့ တောရွာဘက်က အလှူတွေမှာသီဆိုဖို့ လာငှားလေ့ရှိကြပါတယ်။ အဲဒါကြောင့် ရွှေနန်းထက်ကို တောကြိုက်သီချင်းသီဆိုသူလို့ စနောက်ကြပါတယ်။ ဒီလိုခေါ်တာကိုလည်း ရွှေနန်းထက်က စိတ်မဆိုးဘဲ တောရွာဘက်က လာငှားပါစေ၊ အညာဘက်က ကကြိုက်ပါစေလို့တောင် ဆုတောင်းတဲ့သူဖြစ်ပါတယ်။

▪️ရွှေနန်းထက်က လွန်ခဲ့တဲ့လအနည်းငယ်တုန်းတော့ မဆင်မခြင်ရေးမိတဲ့စာကြောင့် အပြောခံခဲ့ရပါသေးတယ်။ သူ့ရဲ့အနုပညာကြေးထဲက ငွေအနည်းငယ်ကို မျက်မှန်လုပ်ဖို့ ယူသွားတဲ့ လူရွှင်တော် ဦးရွှင်ပျော်ကို မိုက်ကြေးခွဲတဲ့သူ၊ သေရင်အလှူလာမခံနဲ့ဆိုပြီး သူ့ရဲ့အကောင့်မှာ ရေးတင်ခဲ့တာပါ။ အဖေအရွယ် အနုပညာရှင်တစ်ယောက်ကို ဒီလိုရေးပြီးတင်တာကြောင့် ရွှေနန်းထက်ကို လူအများက ဝိုင်းပြောကြပါတယ်။ ရွှေနန်းထက်ကတော့ သူ့အမှားသူ သိပြီး ဦးရွှင်ပျော်ကို ကန်တော့ခဲ့ပါတယ်။ ဦးရွှင်ပျော်ကတော့ သဘောထားကြီးတဲ့သူဖြစ်တာကြောင့်ရွှေနန်းထက်ကို ခွင့်လွှတ်လိုက်ပါတယ်။

▪️ရွှေနန်းထက်က လူရွှင်တော် ဦးရွှင်ပျော်ကို ပြောပြီးကတည်းက သူ့ရဲ့အောင်မြင်မှုတွေက စန်းကျသွားခဲ့ပါတယ်။ နောက်ထပ်သီချင်းတွေ ထပ်မံထွက်လာလည်း အားပေးသူတွေ နည်းသွားခဲ့ပါတယ်။

▪️ရွှေနန်းထက်က ရုပ်ရည်လေးကတော့ ချစ်စရာကောင်းပေမယ့်လည်း ပွဲတွေတစ်ခုပြီးတစ်ခုဖန်တီးတတ်တာကြောင့် အားမပေးတဲ့သူတွေလည်း ရှိပါတယ်။ မုန့်ဖိုးပေးပါလားဆိုတဲ့သီချင်းက လူအများဝေဖန်နေကြသလို တကယ်ပဲ နားမထောင်သင့်တဲ့သီချင်းဖြစ်နေပြီလားဆိုတာ ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါဦးနော်

Leave a Reply

Your email address will not be published. Required fields are marked *