ဖိုးသောကြာရဲ့စကားကြောင့်ပြည်သူတွေဒေါသထွက်စေခဲ့

 

 

ဖိုးသောကြာက စိတ်ထဲမှာရှိတဲ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောတတ်သူတစ်ယောက်ပါ။ ၂၀၁၆ ခုနှစ်မှာတော့ ဖိုးသောကြာက ကန်စွန်းရွက်ဈေးတက်တာနဲ့ပတ်သက်ပြီးတော့ “လူကြီးမင်းတို့ရေ အနိမ့်ဆုံး ကန်စွန်းရွက်တစ်စည်း ၃၀၀ ဖြစ်နေပြီ” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

ကန်စွန်းရွက်ဈေးတက်တာအပြင် အခြားအကြောင်းအရာတစ်ခုကိုပါ ထည့်သွင်းရေးသားခဲ့လို့ ဖိုးသောကြာက အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။ဒါပေမယ့် ကန်စွန်းရွက်ဈေးက ကျမသွားတဲ့အပြင် အရင်ကထက်တောင် ဈေးကြီးလာခဲ့ပါတယ်။

ဒါကြောင့် ဖိုးသောကြာကို ကန်စွန်းရွက်တွေ ဈေးတက်နေတဲ့အကြောင်း သူ့ရဲ့အင်တာဗျူးပို့စ်တွေအောက်မှာ ရေးသားထားပါတယ်။ ကန်စွန်းရွက်နဲပတ်သက်ပြီး အပြောအဆိုခံရလို့ ဖိုးသောကြာက သူ့ရဲ့ပို့စ်တွေမှာ comment box ကို ပိတ်ထားရပါတယ်။

ဖိုးသောကြာကတော့ ကန်စွန်းရွက်ဈေးတွေ တက်နေလောက်တာ သိနေလောက်ပေမယ့်လည်း ကန်စွန်းရွက်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေလို့ အားမလိုအားမရဖြစ်နေကြပါတယ်။

ဖိုးသောကြာကို မြင်တာနဲ့ ကန်စွန်းရွက်ကို တွဲပြီးတော့ မြင်နေကြပြီး ကိုကန်စွန်းရွက်လို့ နာမည်ပေးထားသူတွေတောင် ရှိကြပါတယ်။ ဒါပေမယ့် ဖိုးသောကြာကတော့ ကန်စွန်းရွက် ဈေးကြီးတာနဲ့ပတ်သက်ပြီးတော့ မပြောတော့ပါဘူး။

လွန်ခဲ့တဲ့ ၈ နှစ်ခန့်က ပြောခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပေမယ့်လည်း ပရိသတ်တွေကအခုအထိ မှတ်မိကြပါတယ်။ ကန်စွန်းရွက်တွေ ဈေးတက်နေပေမယ့်လည်း ဖိုးသောကြာကတော့ ဈေးကြီးတဲ့အကြောင်းကို ပို့စ်တင်ပြီးတော့ မပြောပေးတော့ပါဘူး။

အခုအချိန်မှာ ဖိုးသောကြာက ကန်စွန်းရွက်ကိုလည်း စိတ်မဝင်စားတော့ပါဘူး။ မကြာခင်မှာတော့ ဖိုးသောကြာက အဖေဖြစ်သူ သုမောင်ရဲ့သီချင်းတွေစုစည်းပြီး အမှတ်တရအဖြစ်ဖျော်ဖြေသွားတော့မှာပါ။

ကန်စွန်းရွက်နဲ့ပတ်သက်ပြီး နှစ်များစွာကြာသည့်တိုင်အောင် ဝေဖန်ခံနေရတဲ့ဖိုးသောကြာအပေါ် ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါဦးနော်။

 

Leave a Reply

Your email address will not be published. Required fields are marked *