Manchester United

ဟော့ဂျ်လန်းနဲ့အတူတွဲကစားပီး ပရီးမီးယားလိဂ်မှာ ပွဲကြမ်းပြချင်ပါတယ်ဆိုတဲ့ ယူန်ိုက်တက်ကြယ်ပွင့်

ယူနိုက်တက်ပရိတ်သတ်တွေအတွက် အမ်မရာဘတ်ရဲ့ ကျေးဇူးတင်စကား- ကျွန်တော့်ရဲ့ ပွဲဦးထွက်အတွက် ခံစားချက်ကတော့ အံ့ဩစရာကောင်းလောက်ပါတယ် အသင်းနိုင်ပွဲရလို့လဲ ပျော်ရွှင်မိပါတယ် နွေးနွေးထွေးထွေးကြိုဆိုကြတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ် ဟော့ဂျ််လန်းအပေါ် ရက်ရှ်ဖို့ဒ်ရဲ့အမြင်- ရိုးရိုးသားသားပြောရရင် Højlund နဲ့တွဲကစားရတာနဲ့ပတ်သက်ပြီး အရမ်းပဲစိတ်အားထက်သန်ပါတယ်ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ရာသီကဆို တန်ပြန်တိုက်စစ်စဖို့ကြည့်လိုက်ရင် ကိုယ့်ကစားသမားထက် ပြိုင်ဘက်အသင်းကစားသမားတွေရဲ့ ဂျာစီကိုပဲ မြင်ခဲ့ရပါတယ် ခုနှစ်ကတော့ မြန်မြန်ဆန်ဆန်နဲ့ နားလည်မှုရှိရှိ ကစားနိုင်ပါပြီ။ ကျွန်တော် Højlund နဲ့ စကားပြောခဲ့ပါတယ် ငါတို့တွေ ကွင်းပြင်ပမှာ အလုပ်တွေအများကြီးလုပ်ဖို့လိုတယ်ဆိုတာကိုပါ ကျွန်တော့်အနေနဲ့ သူ့ရဲ့ကစားတဲ့ပုံကို နားလည်ချင်တယ်သူလည်းပဲ ကျွန်တော့်ကစားပုံကို နားလည်ချင်တယ် ဖြစ်နိုင်သမျှ အမြန်ဆုံးနားလည်မှုရချင်ပါတယ် အခုကတော့ အရာအားလုံးအဆင်ပြေနေပါတယ်။

Manchester United

PSGအသင်းကိစ္စနဲ့ပတ်သက်ပီး ဟော့ဂျ်လန်းအပေါ်မှာ အချစ်တွေပိုလာကြတဲ့ ယူန်ိုက်တက်ပရိတ်သတ်များ

မန်ချက်စတာယူနိုက်တက်အသင်းထံသို့ မပြောင်းရွှေ့မီက Hojlund အား PSG အသင်း၏ ဥက္ကဌဖြစ်သူ Nasser Al-Khelaifi ကိုယ်တိုင်က video call ဖြင့် ဆက်သွယ်ပြီး နားချရန်ကြိုးပမ်းခဲ့သေးတယ်လို့ သိရပါတယ်။ Hojlund က video call အတွင်းတွင် ယဉ်ကျေးစွာဖြင့် Nasser Al-Khelaifi ပြောသမျှကို နားထောင်ခဲ့သော်လည်း ၄င်း၏ စိတ်သည် ပြောင်းလဲခဲ့ခြင်းမရှိပဲ ယူနိုက်တက်အသင်းထံသာ ပြောင်းရွှေ့လိုခဲ့ကြောင်း သိရပါတယ်။ PSG အသင်းသည် Hojlund အား ယူရိုသန်း ၈၀ ထိ ကမ်းလှမ်းရန်ပြင်ဆင်ထားပြီး လစာအား ယူနိုက်တက်အသင်းထက် ပိုပေးရန်အသင့်ရှိနေခဲ့ပါတယ်။ Ten Hag သည် Hojlund ၏ ကွင်းတွင်းနေရာယူပုံ၊ ပြေးပုံ၊ တစ်ဖက်နောက်တန်းအား press လုပ်ပုံနှင့် ဂိုးသွင်းရန် တည့်တိုးဆန်ပုံတို့အား […]

Manchester United

ဘန်လေကိုနိုင်ပီး လာမယ့်ပဲလေ့စ်နဲ့ပွဲအတွက် ဂုဏ်ဆာစကားတွေပြောကြားသွားခဲ့တဲ့ တန်ဟက်ဂ်

ပြီးခဲ့တဲ့ စနေည တာ့ဖ်မောကွင်းမှာ သွားရောက် ကစားရတဲ့ ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူအသင်း ဟာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ပွဲချိန် ၄၅ မိနစ် ဗော်လီသွင်းဂိုး ကြောင့် ၃ ပွဲဆက် အရှုံးကို ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။ မန်ယူအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို နောက်ခံလူ အီဗန်ရဲ့ ကိုက် ၄၀ အကွာကနေ ဖန်တီးပေးမှုက တစ်ဆင့် ပေါ်တူဂီသားက သွင်းယူခဲ့တာပါ။ မန်ယူ နည်းပြ တန်ဟက်ကတော့ အသင်းရဲ့ လုပ်နိုင်စွမ်းကို သိထားတာကြောင့် ဘန်လေနဲ့ပွဲဟာ အနိုင်ရမယ့် ပွဲတစ်ပွဲဆိုတာ ကြိုပြီး သိထားပြီးသားဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။ဒီလိုမျိုး အသင်းလိုက် စွမ်းဆောင်ရည်ကောင်းတွေ ရမယ်ဆိုတာကို သိထား တဲ့အတွက် ဒီပွဲဟာ နိုင်ကို […]

Manchester United

ဘန်လေVSယူန်ိုက်တက်ပွဲစဉ်အတွက် ပေါမာဆန်ရဲ့ မယုံကြည်နိုင်စရာ ခန့်မှန်းသုံးသပ်ချက်

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် က တန်းတက် ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဘန်လေနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ ” မန်ချက်စတာ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပြီး ဒီပွဲကို သေချာပေါက် အနိုင်ရဖို့ လိုအပ်ပါတယ်။ ဒီပွဲဟာ နည်းပြတန်ဟက်အတွက် အရေးကြီးမှာပါ။ ဘန်လေကို ရင်ဆိုင်ရာမှာ အနိုင် ၃ မှတ်မရဘူးဆိုရင် နယ်သာလန်သားက အတော်လေး ဖိအားတွေအောက် ရောက်သွားမှာပါ၊ယူနိုက်တက်က လာမယ့်ပွဲတွေမှာ ဆက်တိုက်တွေ […]

Manchester United

ရှုံးပွဲတွေကြောင့်ဖိအားများနေတဲ့ တန်ဟက်ဂ်ကို တည့်စိန်ခေါ်လိုက်တဲ့ ဘန်လေနည်းပြကွန်ပနီ

ဒီတပတ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ကြရမယ့် ပွဲစဉ်မတိုင်မီတွင် ဘန်လေအသင်းရဲ့ နည်းပြ ကွန်ပနီက မန်ယူအသင်း အခြေအနေ ကို စိတ်မဝင်စားဘဲ သူ့အသင်း တိုက်စစ်ကို ယုံကြည်မှု ရှိကြောင်း ပြောဆိုလာပါတယ်။ ယခုနှစ်ဘောလုံးရာသီအတွင်း ရလဒ်ပိုင်း သိသိသာသာ အားနည်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ယူနိုက်တက်အသင်းရဲ့ အကြပ်အတည်းတွေကို ကွန်ပနီကတော့ ထည့်တွက် မနေဘဲ လျစ်လျှူရှုထားတယ် လို့လည်း ဆိုပါတယ်။ နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဥရောပအင်အားကြီးကလပ်အသင်းအဖြစ် ဦးမော့နိုင်ရေး ပြုပြင် တည်ဆောက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းတွင်း ကွင်းအပြင် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေတဲ့ အပေါ် စနေနေ့ညမှာ ထိပ်တိုက်ကစားရမယ့် ဘန်လေအသင်းရဲ့ နည်းပြ ဖြစ်သူ ကွန်ပနီက စိတ်မဝင်စားလှပါဘူး။ ဘန်လေအသင်း နည်းပြ ကွန်ပနီက-“ယူနိုက်တက်အသင်း ကြုံတွေ့နေရတဲ့ […]

Manchester United

ဘန်လေနဲ့ပွဲစဉ်အတွက် ထိန်းမရအောင် တက်ကြွနေကြတဲ့ ယူနိုက်တက်အသင်းသားများ

မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး ဗစ်တာလင်ဒီလော့ဖ်က ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့သော်လည်း စနေနေ့မှာ ယှဉ်ပြိုင်မယ့် ဘန်လေနဲ့ပွဲစဉ်အတွက် မြန်မြန်ဆန်ဆန်ကစားနိုင်ဖို့ တစ်သင်းလုံး စိတ်အားထက်သန်နေတယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။ ဘိုင်ယန်နဲ့ ပွဲ အတွက် ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့အတူ လင်ဒီလော့ဖ်က ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ၎င်းက ဘွန်ဒက်စ်လီဂါချန်ပီယံတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်ဟာ အလွန်ပြင်းထန်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ MUTV နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ လင်ဒီလော့ဖ်က “ ဒီအသင်းနဲ့ယှဉ်ပြိုင်ရတာ အမြဲတမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့အသင်းနဲ့ ကစားခဲ့ရတာပါ။ ၃ ဂိုးအထိသွင်းနိုင်ခဲ့ပေမယ် ရလဒ်ကောင်းတော့ မရရှိခဲ့ပါဘူး။ ပိုကောင်းတဲ့ အခြေအနေကို မျှော်လင့်ထားခဲ့တဲ့ ကျွန်တော်တို့အတွက်တော့ စိတ်ပျက်စရာရလဒ်ပါ” လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကို အာရုံစိုက်နေကြောင်းနဲ့ စနေနေ့မှာ ယှဉ်ပြိုင်မယ့် ဘန်လေနဲ့ပွဲစဉ်မှာ အကောင်းဆုံးပြန်လာပြီး […]

Manchester United

ရော်နယ်ဒိုကို မန်ယူအသင်းထံ နောက်တစ်ကြိမ်ပြန်ခေါ်မိတဲ့အပေါ် ဘယ်လိုခံစားရကြောင်း ဖွင့်ဟလာခဲ့တဲ့ ဆိုးလ်ရှား

မန်ယူနည်းပြဟောင်း ဆိုးလ်ရှားကတော့ မန်ချက်စတာကလပ်ကို သူ ကိုင်တွယ်စဉ်က စီရော်နယ်ဒိုကို ခေါ်ယူခဲ့တာဟာ မှားယွင်းခဲ့ကြောင်း နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုဝန်ခံလိုက်ပါတယ်၊သူ့လက်ထက် ကစားသမားတွေရဲ့အတ္တကြီးမှုက သူအထုတ်ခံရဖို့ ဖြစ်စေကြောင်းလည်း ဆိုးလ်ရှားက ပြောဆိုခဲ့တာပါ။ နော်ဝေသား နည်းပြ ဟာ ၂၀၁၈ ဒီဇင်ဘာ ၁၉ ကနေ ၂၀၂၁ နိုဝင်ဘာ ၂၁ အထိ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့မန်ယူနည်းပြဘဝ နောက်ဆုံးပွဲက ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးခဲ့တဲ့ပွဲပါ။၂၀၂၁ နွေရာသီမှာ အဲဒီအချိန်က ၃၅ နှစ်အရွယ် စီရော်နယ်ဒိုဟာ တစ်ကျော့ပြန်အဖြစ် မန်ယူကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ နယူးကာဆယ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ သူ့ ပထမဆုံးပွဲမှာလည်း ခြေစွမ်းပြ ၂ ဂိုး သွင်းခဲ့တာပါ။ […]

Manchester United

ရက်ရှ်ဖို့ဒ်ကို အာဆင်နယ်ကြယ်ပွင့် ဆာကာနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ထောက်ပြမှု့တွေပြုလုပ်ခဲ့တဲ့ စပါးတိုက်စစ်မှူးဟောင်း

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဒါးရင်းဘန့်က ယူနိုက်တက် တောင်ပံတိုက််စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ အာဆင်နယ် ကြယ်ပွင့် ဘူကာယို ဆာကာ လောက် ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။ မားကပ်စ် ရပ်ရှ်ဖို့ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ 56 ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး 30 အထိ သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီနှစ် ဘောလုံး ရာသီမှာတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် […]

Manchester United

ဒီဂီယာကိုမှီဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဖွင့်ဟပြောကြားလာခဲ့တဲ့ အိုနာနာ

အိုနာနာက-“ယူနိုက်တက်အသင်းဟာ ခမ်းနားတဲ့အသင်း ဖြစ်တယ်ဆိုတာ ကျွန်တော် သိပြီးသားဘာ အခုရာသီအစက ကျွန်တော်တို့ လိုချင်တဲ့ပုံစံမဟုတ်ပေမယ့် ပိုကောင်းလာမယ်၊ အခြေအနေတွေပြောင်းလာမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒီဂီယာ နေရာကို အစားထိုးဘို့. ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အစွမ်းကုန်ကြိုးစားနေတာပေါ့။ shot stoppingပိုင်းမှာ လက်စွမ်းပြနိုင်စွမ်းအားနည်းနေတယ်ထင်လား”ကျွန်တော်က ခြေထောက်ကိုသုံးပြီးဘောလုံးကစားနိုင်ပါတယ်။ အသင်းက low blockကစားချိန်မှာတော့ ကျွန်တော်ကနောက်ဆုံးအုတ်တံတိုင်းဖြစ်တဲ့အတွက် ဘောလုံးကိုကာကွယ်မှဖြစ်မှာပါ။ အရေးကြီးဆုံးကတော့ အသင်းနိုင်ပွဲရဘို့. ပါပဲ။ ကျွန်တော်အများကြီးလုပ်ပြနိုင်ဘို့. ယုံကြည်မှူရှိတယ်လေ.. မနက်ဖြန်ပွဲအတွက်ရောပေါ့”ဆိုပီး ဆိုသွားခဲ့ပါတယ်။

Manchester United

ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့်အပေါ် သူ့ရဲ့အမြင်ကိုပြောပြသွားခဲ့တဲ့ ဟယ်ရီကိန်း

ပရီးမီးယားလိဂ် ပွဲတွေမှာ အခြေမလှ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ရက်ပိုင်းအကြာမှာပဲ ချန်ပီယံလိဂ် ပွဲ အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ စနေနေ့က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၃-၁ နဲ့ ဂိုးပြတ် ရှုံးပြီးနောက် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယူနိုက်တက် မြူးနစ်သို့ သွားပြီး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင် ကစားရမှာက စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဒါပေမယ့်လဲ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီပြောင်းရွှေ့သွားခဲ့တဲ့ ဟယ်ရီကိန်းကတော့ ယူန်ိုက်တက်အသင်းရဲ့ ရင်ဆိုင်ရမယ့်အပေါ် အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။ “ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲပါမန်ချက်စတာယူနိုက်တက်က လက်ရှိအချိန်မှာ ခက်ခဲတဲ့အခြေအနေတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုတာကို သိပါတယ်၊ဒါပေမယ့် တစ်ခါတလေမှာ အဲ့လိုအခြေအနေရှိတဲ့အသင်းတွေက အန္တရာယ်ရှိတဲ့အသင်းမျိုး ဖြစ်တတ်ပါတယ်၊ဒါကြောင့် သူတို့ကိုရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေဖို့ လိုပါမယ်”လို့ ဆိုသွားခဲ့ပါတယ်။