Manchester United

ပဲလေ့စ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်တို့ အန်ိုင်ရမလားဆိုတာကို သုံးသပ်ခန့်မှန်းပေးခဲ့တဲ့ BBCဆက်တန်

ဒီတပတ် ပရီးမီးယားလိဂ်မှာလည်း မန်ချက်စတာ ယူနိုက်တက်က ခရစ္စတယ် ပဲလေ့စ်နဲ့ ထပ်မံ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ကြားရက်ကမှ ကာရာဘောင်း ဖလားပွဲ အဖြစ် ထိပ်တိုက် ရင်ဆိုင်ထားခဲ့ပြီး ထိုပွဲမှာ ယူနိုက်တက်က ၃-ဝ နဲ့ အနိုင်ရထားပါတယ်။ ဒီ ပရီးမီးယားလိဂ် ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာပဲ ထပ်မံ ယှဉ်ပြိုင်ရမှာပါ။ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်နေကြ ခရစ်ဆက်တန်ကတော့ ယူနိုက်တက်နဲ့ ပဲလေ့စ်တို့ ဒီအပတ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” အရင်အပတ် ပရီးမီးယားလိဂ် ပွဲမှာ ဘန်လေကို နိုင်လိုက်တာကြောင့် နည်းပြတန်ဟက်က နည်းနည်းတော့ […]

Manchester United

အိုနာနာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်ကြောင်း ပြောကြားခဲ့တဲ့ မန်ယူကစားသမားဟောင်း

ယူနိုက်တက် အသင်း ခေါ်ထားတဲ့ ဂိုးသမား အန်ဒရေး အိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်မှာ ယိမ်းယိုင်နေတဲ့ တာထွက် ကာလ ပိုင်ဆိုင် ဖြစ်နေပေမယ့်လဲ သိပ်ကောင်းတဲ့ ဂိုးသမားတစ်ယောက်ပါလို့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ဟောင်း ဒါလေဘလိုင်းက ပြောဆိုခဲ့ပါတယ်။ ကင်မရွန်း ဂိုးသမားဟာ နွေရာသီမှာ အင်တာကနေ ပြောင်းလာပြီးကတည်းက ယူနိုက်တက်မှာ ဖိအားတွေအောက် ရောက်နေတာပါ။အေဂျက်ကစားသမားဟောင်းလည်း ဖြစ်တဲ့ ဘလိုင်းကတော့ သူ့အသင်းဖော်ဟောင်း အိုနာနာတစ်ယောက် ယူနိုက်တက်မှာ ပိုကောင်းလာမယ်လို့ ယုံကြည်မှုအပြည့်ရှိနေပြီး အိုနာနာဟာ အေးဆေးတည်ငြိမ်ပြီး အာရုံစိုက် ထားတဲ့အခါ ယုံကြည်အားကိုးလို့ရတဲ့ ပြီးပြည့်စုံတဲ့ ဂိုးသမားတစ်ယောက် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ “သူက သိပ်တော်တဲ့ ဂိုးသမားတွေထဲကတစ်ယောက်ပါ။ သူ့မှာ တည်ငြိမ်တဲ့ပုံစံရှိတယ်။ သူက ပြည့်စုံပါတယ်။ သူ တည်တည်ငြိမ်ငြိမ်တဲ့ အာရုံစိုက်ထားတဲ့အခါ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်နိုင်ပါတယ်။ […]

Manchester United

လျော့စျေးနဲ့ရမယ့် ဘိုင်ယန်တိုက်စစ်မှူးကို လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူသွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဆောင်းရာသီ ဈေးကွက်အတွင်း အသင်းတိုက်စစ်ပိုင်းအတွက် အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း ဂနာဘီ ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သတင်း ထွက်လာပါတယ်။ လက်ရှိ အသင်းတိုက်စစ်ပိုင်းမှာ ဟွိုင်လန်းနဲ့ မာရှယ်ကိုသာ အားကိုးနေရဆဲ ဖြစ်တဲ့ တန်ဟတ် ဟာ လာမယ့်နွေမှာတော့ မဖြစ်မနေ တိုက်စစ်မှူးသစ် တစ်ယောက် ထပ်မံအားဖြည့်လိုနေပြီး နေရာစုံ ကစားနိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူလိုနေပါတယ်။ လက်ရှိ ဘိုင်ယန်မြူးနစ် မှာ ကစားနေတဲ့ ဂနာဘရီကတော့ အသင်းထံ ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းကြောင့် လာမယ့်ပွဲစဉ်တွေအတွက် ပုံမှန်ပွဲထွက်ခွင့် ကန့်သက်ခံထားရမှာ ဖြစ်ပြီး လာမယ့်ဆောင်းရာသီအတွင်း အသင်းမှ ထွက်ခွါဖို့ ဆန္ဒရှိနေပါတယ်။ မန်ယူအသင်းဟာ လက်ရှိ အသင်းတိုက်စစ်ပိုင်းမှာ ဆန်ချိုနဲ့ အန်တိုနီတို့ ၂ ယောက်စလုံးကို အသုံးပြုနိုင်သေးခြင်း မရှိသလို […]

Manchester United

ယူနိုက်တက်နဲ့ဆန်ချိုရဲ့အနာဂတ်အတွက် ကြားကနေ အကြံပေးစကားပြောလာတဲ့ သရဲနီဂန္တဝင်ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ကြီး ရွိုင်ကိန်းက ဆန်ချိုအနေနဲ့ နည်းပြ တန်ဟက်ကို တောင်းပန်ပြီး ယူနိုက်တက် ကစားသမားဘဝကို ပြန် အဖတ်ဆယ် ကယ်တင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ နည်းပြကို လူသိရှင်ကြားဝေဖန်ခဲ့ပြီးနောက် ဆန်ချိုတစ်ယောက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို အာဆင်နယ်နဲ့ပွဲမှာကတည်းက မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်ကြယ်ပွင့်ဟောင်း ဆန်ချို ဟာ အခုချိန်မှာ မန်ယူ အသင်းရဲ့ စီနီယာအသင်းအသုံးအဆောင်တွေ အသုံးပြုခြင်း ကိုပါ ပိတ်ပင်ခံခဲ့ရပြီး …ခုချန်ထိ တန်ဟက်ကို မတောင်းပန်ဘဲ တစ်ယောက်တည်း လေ့ကျင့်ခန်း ဆင်းနေတယ်လို့ သိရပါတယ်။ ဆန်ချိုရဲ့ အနာဂတ်က မသေချာတဲ့အခြေအနေမျိုးရောက်နေပြီး ရွိုင်ကိန်းက အခုလိုဖြစ်ရပ်က ရှက်စရာလို့ ပြောကြားခဲ့ပါတယ်ဒါပေမယ့် ယူနိုက်တက်ဂန္ထဝင်က ဘောလုံးမှာ ပြန်လာနိုင်ဖို့ အမြဲတမ်းနည်းရှိတယ်လို့ ပြောကြားလိုက်ကာ ကစားသမားတစ်ဦးအနေနဲ့ လူသားဆန်မှုကို ပြသသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။