Trending News

“ညအချိန်တွင် လမ်းဘေး၌ ပြောင်းဖူးပြုတ်ရောင်းပြီး ဝင်ငွေရှာဖွေကာ အဖွားဖြစ်သူကို ရှာဖွေကျွေးမွေး နေသည့်ကလေးငယ်”

လမ်းဘေးတစ်နေရာတွင် ညအချိန်၌ပင် ပြောင်းဖူးပြုတ်လေးရောင်းနေရသည့် အသက်၉နှစ်အရွယ်ကလေးငယ်တစ်ဦး၏ ပုံရပ်လေးတွေဟာ လိုင်းပေါ်တွင် ပျံနှံလာခဲ့ပြီး လူပြောများလာခဲ့တာဖြစ်ပါတယ်။ ကလေးငယ်လေးဟာ အရွယ်အားဖြင့် အတော်လေးငယ်ရွယ်လှသော်လည်း အဖွားဖြစ်သူကိုရှာဖွေကျွေးမွေးချင်သောကြောင့် ညအချိန်တွင် ပြောင်းဖူးပြုတ်လေးရောင်းချပြီး ဝင်ငွေရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ကလေးဟာ အဖွားနှင့်အတူနေထိုင်နေရပြီး နေ့ခင်းဘက်တွင် ကျောင်းသို့သွားကာ ပညာများကို လေ့လာသင်ကြားနေရပြီး ညအချိန်ရောက်ပြီဆိုသည်နှင့် လမ်းဘေးလေးတွင် အဖွားပြုတ်ပေးထားသည့် ပြောင်းဖူးလေးတွေကို သွားရောက် ရောင်းချနေခဲ့တာဖြစ်ပါတယ်။ ကလေး၏အရွယ်နှင့်မလိုက်အောင် မိသားစုအတွက် ဆောင်ရွက်နေသည်မှာ အတော်လေး ချီးကျူးဖွယ်ကောင်းလှပါတယ်။ crd